Sunday, January 4, 2015

အ​မေ​သွေး 👏 tawtar(tgi)

အ​မေ​သွေး

ကဗျာဆိုတာ
နှလုံး​သွေးနဲ့ခံစာပြီး​ရေးရတာ
သွေးလှူ တာလည်း
သူ့အသက်​ကို
နှလုံး​သွေးနဲ့
မြင့်​မြတ်​စွာ​ပေးလှူ ခဲ့တာပါ
ငါ့နှလုံး​သွေးက
ငါ့အ​မေစဉ်​ဆက်
သွေး​ပေမို့
တန်​ဖိုး​ငွေနှင့်
မဆုံဖြတ်​ပါနဲ့....။
tawtar(tgi)

မိစိမ်းကား သို့..... ​ဝေလင်းခန်

မိစိမ်းကား သို့

ချစ်​သူ
မင်းကို ချစ်​ခွင်​မရှိ​တော့လဲ
ငါကို မ​မုန်းခိုင်းပါနဲ့
မင်း ငါအနားမ​နေချင်​လဲ
ငါကို မင်းအနားက ထွက်​ခွာမခိုင်းပါနဲ့
မင်း ငါကို ​မေ့ချင်​​မေ့ပါ
ငါကို​တော့ ​မ​မေ့ခိုင်းပါနဲ့
မင်းနှလုံးသားမှာ ငါမရှိ​ပေမဲ့
ငါနှလုံးသားမှာ မင်းအမြဲရှိ​နေလို့ပါ
ငါအသက်​ခန္ဓာတည်​မြဲ​နေသရွေ့
ပေးဆပ်​မှု သက်​သက်​ပါ
ချစ်​​နေခွင့်​​လေး​ပေးပါလို့
တောင်းဆိုပါတယ်
မိစိမ်းကာကြီးရယ့့် 

ဝေလင်းခန့်
Pku

Saturday, January 3, 2015

အချစ်၏တန်ဖိုး 💔 သကျိုး(zone)

အချစ်၏တန်ဖိုး

အချစ်ကို၁၅၀၀လို့
ဘယ်သူသတ်မှတ်ခဲ့တာလဲ
၁၅၀၀ထဲမို့လို့တော်သေးတယ်
အဲ့ဒါတောင်တခါတလေရှင်းပြလို့မရဘူး
၃၀၀၀လောက်ဆိုရင်
တော်တော်တိုင်ပတ်မဲ့အချစ်

သကျိုး(zone)

တိတ်တခိုးချစ်သူ 🌟

တိတ်တခိုးချစ်သူ

အမှတ်မထင်ပဲရင်ထဲကို
သူရောက် လာခဲ့တယ်
လူတွေကြားမှာသူဟာ
ငါ့အတွက် ထူးဆန်းနေခဲ့တယ်
သူမတူတဲ့ပုံစံလေးနဲ့
လူတွေကြားမှာပေါ်လွင်နေတယ်
ရင်ထဲမှာသူရှိနေတာသူသိအောင်
ဖွင့်ဟမပြောခင်မှာပဲ
သူဟာ....ဆိုင်သူရှိပြီးသားတဲ့
ကောင်လေးရေမင်းကိုငါ
တိတ်တခိုးအချစ်နဲ့ပဲ
ဆက်ချစ်နေတော့မယ်

ချစ်သူ

ပြန်လာပါချစ်သူ 💫 လင်းသစ်ဦး

ပြန်လာပါချစ်သူ

မင်းမရှိတဲ့ဘဝဟာ
အဓိပ္ပါယ်မဲ့နေတာ
မင်းမရှိငါသိလိုက် ရတယ်
ခုချိန်ထိမင်းကိုမျှော်နေမိတယ်
ငါ့ကိုလူတွေကရူးနေပြီတဲ့
ဒါတွေနင် ဘယ်သိပါ့မလဲ
၃ နှစ်တာချစ်ခဲ့ရတဲ့
pp ကိုမ မေ့နိုင်တာခွင့်လွှတ်ပါ
ရင်ထဲမှာအမြဲတမ်းမင်းရှိနေတာ
ယုံကြည်ပေးပါ....
လင်းသစ်ဦး

ရိုက်ခက်ညံ}စကားဝါမြေ

Onlineမှာတွေ့ရ ပေမဲ့
စစ်မှန်တဲ့ခင် မင် မှုတွေ
ရုပ်လုံးကြွ ထုတ်သုံးပြခဲ့တာပါ
သူငယ်ချင်း....
ရင်ဘက်ချင်းဂျက်ပင် ထိုး
ဆိုးသမျှကိုအတိုးချခွင့်လွတ်
စွန့်လွတ်ခြင်းနဲ့ခင်ခဲ့တာပါ
သူငယ်ချင်း.....
နင် ငိုရင် မျက်နှာသုတ်ပဝါ
နင် တိုရင်...လက်ထိုးအိတ်
နင်ပျော်ရင်...လောကကိုဟားတိုက်
အသဲစိုက်ပြီးခင် ခဲ့တာပါ
သူငယ်ချင်း....
နင် မလိုရင်.,ကုတ်ကုတ်
နောက်ဆုတ်ပေးမှာပါ
သူငယ်ချင်း...
နင် လိုရင်...အ ဝေးကမ္ဘ္ဘာ
အပြေးလာခဲ့မှာပါ
သူငယ်ချင်း...

.{ရိုက်ခက်ညံ}စကားဝါမြေ