Saturday, January 3, 2015

ရိုက်ခက်ညံ}စကားဝါမြေ

Onlineမှာတွေ့ရ ပေမဲ့
စစ်မှန်တဲ့ခင် မင် မှုတွေ
ရုပ်လုံးကြွ ထုတ်သုံးပြခဲ့တာပါ
သူငယ်ချင်း....
ရင်ဘက်ချင်းဂျက်ပင် ထိုး
ဆိုးသမျှကိုအတိုးချခွင့်လွတ်
စွန့်လွတ်ခြင်းနဲ့ခင်ခဲ့တာပါ
သူငယ်ချင်း.....
နင် ငိုရင် မျက်နှာသုတ်ပဝါ
နင် တိုရင်...လက်ထိုးအိတ်
နင်ပျော်ရင်...လောကကိုဟားတိုက်
အသဲစိုက်ပြီးခင် ခဲ့တာပါ
သူငယ်ချင်း....
နင် မလိုရင်.,ကုတ်ကုတ်
နောက်ဆုတ်ပေးမှာပါ
သူငယ်ချင်း...
နင် လိုရင်...အ ဝေးကမ္ဘ္ဘာ
အပြေးလာခဲ့မှာပါ
သူငယ်ချင်း...

.{ရိုက်ခက်ညံ}စကားဝါမြေ