Tuesday, December 30, 2014

အလင်းတန်း 🙏 သက်ပိုင်

(အလင်းတန်း)

ဆရာက ဗိုလ်မှူးကြီး
မဟုတ်ခဲ့ဘူး ။
ဒါပေမယ့် ဗိုလ်လောင်းတွေ
မွေးထုတ်ပေးခဲ့တယ် ။

ဆရာက အင်ဂျင်နီယာ
မဟုတ်ခဲ့ပါဘူး ။
ဒါပေမယ့် အင်ဂျင်နီယာတွေ
မွေးထုတ်ပေးခဲ့တယ်။

ဆရာက ဒါရိုက်တာ
မဟုတ်ခဲ့ပါဘူး ။
ဒါပေမယ့် အနုပညာရှင်တွေ
မွေးထုတ်ပေးခဲ့တယ်။

ဆရာက စာရေးဆရာ
မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် ကလောင်ရှင်များရဲ့ လက်ကို
မွေးထုတ်ပေးခဲ့တယ် ။

ဆရာက ဘုရားသခင်
မဟုတ်ဘူး
ဒါပေမယ့် တပည့်များရဲ့
ထာဝရအလင်းတန်းပါ
ဆရာ ။ ။ ။


သက်ပိုင်