Wednesday, December 24, 2014

သော့ခတ်ထားမယ် ✏ (မြေစာ-ကောလင်း)

သော့ခတ်ထားမယ်

အတွေးကမ္ဘ္ဘာထဲမှာ
ချာချာလည်နေတဲ့
နှလုံးသားတစ်ခုဟာ
သန်းခေါင်ယံထက်
ညဥ့်နက်သွားလည်း
မအိပ်စက်နိုင်သေးပါဘူး ။
အပြုံးပန်းမဆင်နိုင်သူအတွက်
အမုန်းခန်းမဝင်ရလေအောင်
နှလုံးသားတံခါးကိုပိတ်
အခုတော့ အိပ်စက်ခဲ့ပါပြီ ။
မနက်ဖြန်ဆိုတဲ့
အနာဂတ်တွေလင်းလက်စေဖို့
အိပ်မက်တွေကို သော့ခတ်ထားပါတယ် ။

(မြေစာ-ကောလင်း)