Sunday, December 14, 2014

ကော်ပတ်ရုပ်ဟာ……® မောင်ကေ

ကော်ပတ်ရုပ်ဟာ……®

ကော်ပတ်ရုပ်ကို
လူအစစ်ထင်ပြီး
ပျော်တတ်တဲ့ကလေး
ကလေးတွေကို
ကော်ပတ်ရုပ်အစစ်ထင်ပြီး
ပျော်တတ်တဲ့လူကြီး
ကစားချင်သလိုကစား
ထားချင်သလို
ထားလို့ရပေမယ့်
ကော်ပတ်ရုပ်ဟာ
ကော်ပတ်ရုပ်ပါပဲ။

မောင်ကေ(သောတုဇန)