နွေကိုကြောက်သောနှလုံးသား
ရေအိုင်တွေခမ်းခြောက် နွေးဦးအရောက်မှာ
အစာဖွေလျှမ်း တောကျီးကန်းလေခများ
အစာခုံမင် သည်စိတ်အင်ဖြင့်
မမြင်ရွှံ့နွံ နိမ့်ဆင်းဟုန်ဖြင့်
ငါကိုသာမြင် နွံမမြင်ခဲ့။
ကြွေသောရွက်တို့ ဝေသောနွေမှာ
နွမ်နစ်သေဆုံး ဘဝရှုံး၏
ထိုအတူသာ မခွဲသာဘဲ
ငါ့ရဲ့ဘဝ ငါ့ကန္တာမှာ
ရင်တွင်းဖူးဝေ အချစ်တွေနဲ့
အရိုးမြေကျ ချစ်ခဲ့ပါလည်း
မာယာသခင် မင်းညွတ်ကွင်းမှာ
အတင်းတိုးဝင် ခရီးနှင်ခဲ့
မာယာတွေပြ သည်နွေလမှာ
နွေလေကထူး နွေလေရှုးနဲ့
ကြွေသောရွက်တို့ ဝေသောနွေတိုင်း
မဖြေစိတ်ယိုင် နွမ်းခွေယိုင်လျှက်
နေစဉ်ရက်စက် လွမ်းနေလျက်ပါ။
စိတ္တဇနှလုးံသား မိုးချစ်ဦး
ပေါင်းတည်သားလေး
ရေအိုင်တွေခမ်းခြောက် နွေးဦးအရောက်မှာ
အစာဖွေလျှမ်း တောကျီးကန်းလေခများ
အစာခုံမင် သည်စိတ်အင်ဖြင့်
မမြင်ရွှံ့နွံ နိမ့်ဆင်းဟုန်ဖြင့်
ငါကိုသာမြင် နွံမမြင်ခဲ့။
ကြွေသောရွက်တို့ ဝေသောနွေမှာ
နွမ်နစ်သေဆုံး ဘဝရှုံး၏
ထိုအတူသာ မခွဲသာဘဲ
ငါ့ရဲ့ဘဝ ငါ့ကန္တာမှာ
ရင်တွင်းဖူးဝေ အချစ်တွေနဲ့
အရိုးမြေကျ ချစ်ခဲ့ပါလည်း
မာယာသခင် မင်းညွတ်ကွင်းမှာ
အတင်းတိုးဝင် ခရီးနှင်ခဲ့
မာယာတွေပြ သည်နွေလမှာ
နွေလေကထူး နွေလေရှုးနဲ့
ကြွေသောရွက်တို့ ဝေသောနွေတိုင်း
မဖြေစိတ်ယိုင် နွမ်းခွေယိုင်လျှက်
နေစဉ်ရက်စက် လွမ်းနေလျက်ပါ။
စိတ္တဇနှလုးံသား မိုးချစ်ဦး
ပေါင်းတည်သားလေး