Sunday, December 14, 2014

အမေ့အဆုံးအမ. ✏ မောင်ကေ

အမေ့အဆုံးအမ

အမေကိုရှိခိုးရိုသေနေတာထက်
ပြုစုယုယပြီးစိတ်ချမ်းသာအောင်
ထားခြင်းသည်သာအမြတ်ဆုံးပါ။
မိဘလည်းသင်္ခါရ သားသ္မီးလည်းသင်္ခါရ
တစ်နေ့နေ့တော့ဒီအမေနဲ့ဒီသားသ္မီး
ပြန်မလာတဲ့လမ်းကနေ
လက်ပြနှုတ်ဆက်
အပြီးပိုင်လမ်းခွဲကြရမှာပါ။
ရုပ်ဝတ္ထုပစ္စည်းတိုင်းကို
တန်ဖိုးဖြတ်နိုင်ပေမယ့်
အမေ့ရဲ့မေတ္တာစေတနာကိုတော့
တန်ဖိုးမဖြတ်နိုင်ပါဘူး။
အမေ့ဘဝနိဂုံးချုပ်သွားသော်လည်း
အမေ့အဆုံးအမတွေ
မျက်ရည်တွေနဲ့
နောင်တကြီးစွာမရကြပါစေနဲ့။

မောင်ကေ(သောတုဇန)