ပြောစရာစကားတွေသိပ်များပေမယ့်
ဘာစကားမှပြောခွင့်မရတော့တဲ့အချိန်မှာ
ကျေးဇူးပြုပြီး နင် ငါနဲ့ဝေးဝေးနေပေးပါ
ဝမ်းနည်းနေပေမဲ့
ငါ့မျက်ရည်ခမ်းခြောက်သွားတဲ့အခါ
ငါ့မျက်နှာကို သေချာကြည့်ပြီး
မျက်ဝန်းထဲကအဖြေကို ရှာဖို့
ကျေးဇူးပြုပြီး နင်မကြိုးစားပါနဲ့တော့
နင်ပြောတဲ့စကားတွေကို
မှန်တယ် မှားတယ်လို့
ငါ ဘာတခွန်းမှ ပြန်မပြောတော့တဲ့အခါ
ကျေးဇူးပြုပြီး နင်မအံ့သြပါနဲ့တော့
ဝမ်းနည်ခြင်း၊ နာကျင်ခြင်း၊
မျိုသိပ်ခြင်း၊ သည်းခံခြင်းတွေနဲ့
နေသားတကျရှိနေတဲ့ ငါ့နှလုံးသား
နာကျင်အေးခဲလာလို့ အရင်လိုပြာယာခတ်
မပေါက်ကွဲတော့တဲ့အခါ ငါ့ကိုကျေးဇူးပြုပြီး
နင်ကျောခိုင်းလိုက်ပါ
နင်ပေးခဲ့တဲ့ ဥပေက္ခာတွေအပေါ်မှာ
ငါနေသားကျနေပြီမို့ပါ....
ရှင်းသန့်ဖြူ
ဘာစကားမှပြောခွင့်မရတော့တဲ့အချိန်မှာ
ကျေးဇူးပြုပြီး နင် ငါနဲ့ဝေးဝေးနေပေးပါ
ဝမ်းနည်းနေပေမဲ့
ငါ့မျက်ရည်ခမ်းခြောက်သွားတဲ့အခါ
ငါ့မျက်နှာကို သေချာကြည့်ပြီး
မျက်ဝန်းထဲကအဖြေကို ရှာဖို့
ကျေးဇူးပြုပြီး နင်မကြိုးစားပါနဲ့တော့
နင်ပြောတဲ့စကားတွေကို
မှန်တယ် မှားတယ်လို့
ငါ ဘာတခွန်းမှ ပြန်မပြောတော့တဲ့အခါ
ကျေးဇူးပြုပြီး နင်မအံ့သြပါနဲ့တော့
ဝမ်းနည်ခြင်း၊ နာကျင်ခြင်း၊
မျိုသိပ်ခြင်း၊ သည်းခံခြင်းတွေနဲ့
နေသားတကျရှိနေတဲ့ ငါ့နှလုံးသား
နာကျင်အေးခဲလာလို့ အရင်လိုပြာယာခတ်
မပေါက်ကွဲတော့တဲ့အခါ ငါ့ကိုကျေးဇူးပြုပြီး
နင်ကျောခိုင်းလိုက်ပါ
နင်ပေးခဲ့တဲ့ ဥပေက္ခာတွေအပေါ်မှာ
ငါနေသားကျနေပြီမို့ပါ....
ရှင်းသန့်ဖြူ