Sunday, December 14, 2014

စစ်ကွင်းသူ....✏ လွမ်းစေသူ

စစ်ကွင်းသူ

အထာမကျလေသော
လောကကြီးရဲ့အလယ်
ပျားပိတုန်းတို့ရဲ့ကြားမှာပေါ့
အဆင်းရနံ့တွေသင်းပျံ့ဖို့
ဆုတောင်းပေးလိုက်ချင်ပေမယ့်
ပန်းကလေးရယ်အသွင်မတူတဲ့
ဘဝသမားတစ်ယောက်ရဲ့
ရင်မှာပျိုးတဲ့ပန်းကလေးမို့
ရင်ထဲမှာပဲမြတ်နိုးသွားပါတော့မယ်
သက်ဆိုင်မှသာ တိုက်ဆိုင်မှာပါ
ချစ်မိသူသာ လွမ်းရမှာပါ
ပန်းလိုဝေရင်လန်းစေမှာပါ.........

စစ်ကွင်းသူမမသို့....လွမ်းစေသူ