Sunday, December 14, 2014

သူငယ်ချင်းပဲ....✏ သက်ပိုင်

(သူငယ်ချင်းပဲ)

ချစ်လို့စတဲ့ စကား
အပြစ်လို့ ထင်မှာစိုးတယ်။
ရိုးရိုးလေး ပြောမယ်။

ချစ်ပြီးရင် မုန်း
ပြုံးပြီးရင် မဲ့
တွဲပြီးရင် ပြန်
လောကဟာ ပုံမမှန်ဘူး။
ယုံရဖို့အလွန်ခက်
မွန်းကြပ်ပါတယ်လေ။
ဒါကြောင့် …
ဖောက်ပြန်ခြင်း ကင်း
ခိုင်မြဲခြင်း သစ္စာ
ဆန့်ကျင်တာ မရှိ
သံယောဇဉ် အတိနဲ့
နှောင်ကြိုးရစ် ဖြူစင်
တို့တစ်တွေ
သူငယ်ချင်းပဲကောင်းပါတယ်

သက်ပိုင်