Sunday, December 14, 2014

ကဗျာချစ်သည့် ကျွန်တော်ဘဝ. ✏ ကံ့ကော်သား ငြိမ်ချမ်း

"ကဗျာချစ်သည့် ကျွန်တော်ဘဝ"

ရှာဖွေသုတ ပြည့်စုံဝသည့်
သက္ကသီလာ မြေမဟာသို့
တစ်ခေါက်တစ်ခါ ငါမရောက်ရှာခဲ့
ဘွဲ့နှင်းသဘင် ဘယ်ဆီဝင်လဲ
မသိလေးရှာ ငါပါလာဟု
ညှိုးငယ်စိတ်ဓာတ် အားအင်ပြတ်၍
မျက်ရည်တစ်စက် ငါမကျလေခဲ့
အတန်းပညာ ဂုဏ်ပါဝါလဲ
နတ္ထိဗလာ မရှိလေပါ
သို့သော်သည့်ကား
ထုံလှဝါသနာ ပါသည်တာကြောင့်
ဖတ်သည့်ပညာ မှတ်သညာနဲ့
ကဗျာတစ်ပုဒ် ထုဆစ်ထုတ်သည်
မှားသည့်အက္ခရာ ပါခဲ့ပါက
သနာသည်စိတ်ထား ချစ်ခင်ပွား၍
ခယဝတ်ညောင်း ကျွန်တောင်းပန်သည်
ကဗျာကဝိ မဟုတ်သည်မို့။

(ကံ့ကော်သား ငြိမ်ချမ်း)