Monday, December 29, 2014

မိခင်ကျောင်းတော်……နှင်းနှင်းဝေ

မိခင်ကျောင်းတော်……နှင်းနှင်းဝေ

အမှန်အမှား သူပိုင်းခြား၍
တမာလိုမခါး သကာလိုကြားတွင်
မွှေးပြန့်လွင်လွင် အသက်ရူဖို့
သူ့ရင်သာ. အနွေးထွေးဆုံး

အမှောင်ဖုံးကို အလင်းစွမ်းအား
မေတ္တာများဖြင့် လူ့ဘောင်ကြားတွင်
စည်းကမ်းရှိရှိ သူထွန်းညှိသည်...
သူအပြုံးသာ အလှဆုံး

ခန္ဓာခွန်အား စိတ်ခွန်အားကို
နည်းလမ်းဖုံဖုံ ပြီးပြည့်စုံလို့
လမ်းမှန်ရှေ့သို့ တွန်းဆွဲပို့သည်
သူ့နှလုံးသာ အဖြူစင်ဆုံး

သူ့ရဲ့နည်းလမ်း သူ့စည်းကမ်းက
လောကအချင်း လောကအဆင်းကို
ကောင်းကျိုးပြုလို့ တန်ဆာဆင်သည်
သူဟာအမိမြေ၏ စာသင်ကျောင်းပင်တည်း....

နှင်းနှင်းဝေ………