Wednesday, December 17, 2014

ငါနှင့်ပန်းကလေး.....ကံ့ကော်သား ငြိမ်းချမ်း

"ငါနှင့်ပန်းကလေး"

အရေးတယူ အလေးမူ၍
ကြည်ဖြူအစဉ် ရှု့ တိုင်းယဉ်ဖို့
ရေလောင်းပေါင်းသင် ပိုးမဝင်အောင်
ပြုပြင်နှစ်ခြိုက် ငါဂရုစိုက်ခဲ့။

အလှလည်းစုံ ရနံ့စုံတော့
တစ်ပါးသောသူ အသစ်လူက
ဆွတ်ခြူခူးခတ် နင်းခြေဖျက်တော့
ငါ၏ရင်ထဲ မျက်ရည်ဝဲပြီ
သြော်.....ငါနဲ့ပန်းကလေးသို့......