"နွေ"
ရွက်ဝါကိုချွေ ရွက်သစ်ဝေဖို့
လေပြေလေညင်း တိုက်ကာယှဉ်၍
ဥသြသံချို နွေလိုခေါ်သည်။
ကျောင်းတွေလဲပိတ် မျက်ရည်ရိပ်နှင့်
ဆွေးစိတ်ဗျာဗွေ မွေးရပ်မြေသို့
ချစ်သူနဲ့ခွဲ သောကထဲဝယ်
ပူပြင်းရှရှ ဂိမှန္တ တဲ့။
ဇရက်မောင်နှံ သံစုံချွဲ၍
မြူးတူးကခုန် ပျော်ပွဲစုံလည်း
လက်ပံမြေခ တပေါင်းလမို့
လွမ်းရိပ်ဝေစီ နွေဦးဆီသို့.....
ကံ့ကော်သား ငြိမ်ချမ်း
ရွက်ဝါကိုချွေ ရွက်သစ်ဝေဖို့
လေပြေလေညင်း တိုက်ကာယှဉ်၍
ဥသြသံချို နွေလိုခေါ်သည်။
ကျောင်းတွေလဲပိတ် မျက်ရည်ရိပ်နှင့်
ဆွေးစိတ်ဗျာဗွေ မွေးရပ်မြေသို့
ချစ်သူနဲ့ခွဲ သောကထဲဝယ်
ပူပြင်းရှရှ ဂိမှန္တ တဲ့။
ဇရက်မောင်နှံ သံစုံချွဲ၍
မြူးတူးကခုန် ပျော်ပွဲစုံလည်း
လက်ပံမြေခ တပေါင်းလမို့
လွမ်းရိပ်ဝေစီ နွေဦးဆီသို့.....
ကံ့ကော်သား ငြိမ်ချမ်း