Wednesday, April 30, 2014

ချစ်​သူ့နားခိုရာ

ငှက်တစ်ကောင်​ကိုချစ်မိမှတော့
လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရ​တော့မှာပေါ့... ငါမချူပ်ချယ်ပါဘူး
မင်းအ​တောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့
သစ်ပင်​တစ်​ပင်​ပဲ ငါဖြစ်ချင်​ခဲ့တာပါ…

Tuesday, April 29, 2014

ချစ်သူသို့တမ်းခြင်း(၂)

ချစ်သူသို့တမ်းခြင်း(၂)

*******************

လျှပ်စီးတွေကလည်း
တလျှပ်လျှပ်နဲ့
မိုးတွေကလည်းအငြိုးတကြီး
သဲကြီးမဲကြီးရွာသွန်းနေတယ်
ချစ်သူတစ်ယောက်
တွေးကြောက်ကာ
အားငယ်နေမလားနော်​.....
လျှပ်စီးခတ်တိုင်းအလန့်တကြား
ရင်ခွင်သို့ပြေးဝင်
ကြောက်အားပိုတတ်တဲ့ချစ်သူကို
မိုးမှောင်ကျတိုင်း ပြေးသတိရမိတယ်
မိုးချုန်းသံကိုသေမလောက်ကြောက်တဲ့ချစ်သူ
ဘယ်လိုများနေ,နေမလဲ...!
တွေးပူလိုက်တာချစ်သူရယ်
ချစ်သူဆီအပြေးပြန်လာလို့
ထွေးပွေ့ကာနှစ်သိမ့်ချင်ပေမဲ့
အနေဝေးနေတော့
ဘဝပေးအခြေအနေကို
စိတ်နာမိတယ်
ချစ်သူများ....ကိုယ့်ကို
စိတ်ဆိုးနေမလားပဲနော်
ချစ်သူရယ် မင်းအနားက
အမြဲမခွာအရိပ်လိုဘဲ
နေချင်ခဲ့တာကိုယ့်ဆန္ဒရယ်ပါ
အခုတော့.....
ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမမျှတာကို
ချစ်သူနားလည်ပေးနိုင်မလား
ကံကြမ္မာအလှည့်အပြောင်းက
ကိုယ့်ကိုကျီစယ်နေရော့သလား
ချစ်ခြင်းစေတမန်တွေက
ကိုယ့်ကိုမျက်နှာသာမပေးချင်တာလား
ကိုယ့်အချစ်ကိုသွေးတိုးစမ်းနေသလားဘဲနော်
ဘယ်လိုအခက်အခဲတွေကြုံကြုံ
ချစ်သူရယ်
မင်းကိုချစ်တဲ့ငါ့ချစ်ခြင်းက
ကမ္ဘာပျက်တောင် မပြယ်နိုင်ဘူးလို့ဟစ်ကြွေးပြလိုက်ချင်တယ်
ချစ်သူနားလည်ပေးပါ
အခြေနေပေးတဲ့တစ်နေ
ကိုယ်အပြေးပြန်လာမယ်
အဲဒီအခါကျမှ ချစ်သူပေးတဲ့ပြစ်ဒဏ်တွေကို တစ်ဆတိုးပြီး ကိုယ်ခံယူမယ်
ကိုယ်ကိုယုံကြည်ပေးပါ
နားလည်ပါ
မင်းကိုအသက်ထက်မက
ကိုယ်ချစ်တယ်။

Alkhaeluu

 ​မျှော်​လင့်​​သော​နေ့ W.Z.O

**​မျှော်​လင့်​သော​နေ့*

တွေ့နိုင်​ဖို့ခက်​ လွမ်းရက်​ဆက်​လာ ကြင်​သူရွာ​လေး လှမ်းကာ​ငေးရင်း
ရင်​တွင်းဆို့ကာ တမ်းတပါသည်​ တစ်​​နေ့ဆုံကာ​တွေ့မည်​ဟု.....

ခွဲနိုင်​ဖို့ခက်​ ချစ်​ရက်​ရှည်​ကြာ
ဆုံနိုင်​မည့်​​ရေး မှန်းကာ​တွေးရင်း
ရင်​တွင်းရွှင်​ပျ ကြည်​နူးရသည်
တစ်​​နေ့အတူ ​နေရမည်​ဟု.....

w.z.o

ဧပရယ်​မိုး N.L.W

ဧပရယ်မိုး

နင့်ကိုသတိရလွန်းလို့
တမ်းတမှုတွေနဲ့ နင့်ကိုစောင့်ရင်း
သန်းခေါင်ယံ ညဥ့်နက်ထိတိုင်
အိပ်စက်မရခဲ့ပါလား ချစ်သူရယ်​။
ဧပရယ်ညတစ်​ညရဲ့
မိုးချုန်းသံလျှပ်စီးရောင်အောက်မှာ
တုန်ရီမောဟိုက်စွာ
နင့်အကြောင်းကိုတွေး
လေမုန်တိုင်းတွေ တဟူးဟူးနဲ့ပေါ ။
ဧပရယ်ရဲ့
မိုးစက်နဲ့အတူ မျက်ရည်စတွေနဲ့
တစ်ချိန်က ငါ့ရင်ခွင်မှာ
နင်နွဲ့ဆိုးဆိုးနဲ့ တိုးဝှေ့လိုက်တိုင်း
ရီဝေနေတဲ့ .....
နင့်မျက်ဝန်းအိမ်မှ မျက်ရည်စကို
ညင်သာစွာ ငါသုတ်ပေးခဲ့တာ
အခုလို ဧပရယ်ရဲ့
ညတစ်​ည အချိန်မျိုးမှာပေါ့
ဒါကို'နင်သိပါလျက်နဲ့
တမင်ရှောင်ပုန်းနေတာလားကွယ်
ငါနင့်ကိုသတိရမှု,တမ်းတမှု,
လွမ်းဆွတ်မှု,တွေများလွန်းလို့
ငါ့ရင်မှာမွန်းကြပ်နေတဲ့
မျိုသိပ်မှုကို ဒီစာကိုဖတ်မိစဉ်
နင်ငါ့ကို သတိရပေးရင်
ငါကျေနပ်လှပါပြီ...
ချစ်သူ

N L W

Monday, April 28, 2014

ငါ့ရဲ့ချစ်​သူ

*ငါ့ရဲ့ချစ်​သူ*

မချည်​​နှောင်​မိ​အောင်
တမင်​​ရှောင်​ခဲ့​ပေမယ့်
လည်​ပြန်​အကြည့်​မှာ
ရင်​မှာငြိကျန်​ခဲ့​လေပြီ... သူငယ်​ချင်းလိုလား....
ချစ်​သူလိုလား.....
ဒွိဟများနဲ့
ချစ်​စိတ်​ပွားရသူပါ..
တခါတခါ စိတ်​ဆိုးမိမှ တိတ်​တခိုးချစ်​​နေမှန်း
သိခဲ့ရသူ ......
တခါတခါ မနာလိုဖြစ်​မိမှ
ခင်​တာထက်​ပို​နေမှန်း သိခဲ့ရသူ....
တကယ်​​တော့....နင်​ဟာ...
ငါသိပ်​ချစ်​တဲ့
ငါ့ရဲ့ချစ်​သူပါ .....

w.z.o

Saturday, April 26, 2014

ပြည်ချစ်သားရဲ့ ကြုံးဝါးသံ

ပြည်ချစ်သားရဲ့ ကြုံးဝါးသံ


အဖိုးတန် အမျိုးမှန်သမို့
ဒီမြေဒီရေ ဒီတောဒီတောင်
ဒီလိုအလှတရား
စုဝေထားတဲတိုင်ပြည်ကို
မြန်မာပြည်လို့ခေါ်တယ်။

အရိုးမှန် တန်ခိုးထန်သမို့
ဒီမြေဒီရေ ဒီတောင်ထိပ်ထက်
ဖြူလျလျသင်္ကန်း​ရောင်းဖွေးတဲ့
စေတီတွေကမျိုးစုံ
တလျှပ်လျှပ်အရောင်တောက်သမို့
တဖိတ်ဖိတ်ရွှေရောင်လင်းတဲ့
စေတီတွေကလည်း
အမျိုးမျိုးအစုံစုံ
ဒီလိုငြိမ်းချမ်းရေးတရား
အလှများနဲ့
စုဝေးနေတဲ့နိုင်ငံကို
မြန်မာနိုင်ငံလို့ခေါ်သည်။

ဒီမြေမှာမွေး ဒီရေကိုသောက်
ဒီရိပ်ကိုခို ဒီပြည်ထွက်သမျှသုံးစား
ဒီပြည်သားကိုမဆိုလို။
ဒီပြည်ကိုလာဒီရေကိုသောက်
ဒီအရိပ်ကိုခို
ဒီပြည်ကထွက်မျှသုံးစား
သူတောင်းစားထမင်းဝ (***)တောင်ဆိုစကားလို
ဒီပြည်သားကိုအမုန်းပွား
မျိုးယုတ်ကုလား ခွေးမျိုးများက
ရန်သူလို့တောင်ထင်လိုက်သေး
အမျိုးမှန်အဖိုတန်လှတဲ့
ဒီမြေပေါက်ဖွား သ္မီးသားကို
အလိုဆိုယုတ် အမျိုးယုတ်က(ကုလားစုတ်က)
မယားလုပ်ခိုင်း မျိုးဇာတ်သိမ်းလို့ ထင်တိုင်းကျဲလိမ့်သေး
အသင်ကုလား ခွေးကဖွား
စော်ကားလွန်းနေပြီ
အရိပ်နေနေ အခက်ချိုးချိုး
ကုလားမျိုး အသင်
ရက်စက်လွန်းနေပြီ

ရပ်တန်းကရပ် သတိချပ်ပါသည်
အမျိုးမှန် အဖိုးတန်တဲ့မျိုးမှန်
မြန်မာပြည်ဘွားသွေချင်းများကား
တန်ခိုးထန် ခက်မာန်ထလာရင်
ကျူပင်ကိုခုတ် ကျူငုတ်ပါမကျန်ဆိုသလို
အသင်ကပ်ပါး ခွေးကုလားများ
ကမ္ဘာ့သမိုင်းလူ့သမိုင်းတွင်
ဟဲး.....အမျိုးကုလား ခွေးကဖွား
နေချင်းညချင်းပျောက်သွားစေရမယ်။

မျှော်​လင့်​မိ​တဲ့ဘဝ

မျော်လင့်မိတဲ့သဘာဝ

❆ ❆ ❆ ❆ ❆


ပန်းပင်မြင့်က ပန်းပွင့်လို မင်းဘ၀...
မြေကြီးပေါ်က မြေဇာမြက်လို ငါ့ဘ၀...
မထိုက်တန်မှန်းသိပေမယ့်လည်း
ပန်းဆိုတာက
ဖူး,ငုံ,ပွင့်,ကြွေ...!
ဒီလေးခုနဲ့မကင်းသာမို့
ခုတုံးမလို အလိုလိုပင်
မြေဇာမြက်ပေါ် ကြွေကျမှာပါ
မိန်းခလေးရာ

Friday, April 25, 2014

ခြားနာခြင်းမှတ်တိုင်

ခြားနာခြင်းမှတ်တိုင

♥ ♥ ♥ ♥ ♥

မမြင်နိုင်
ကံတရားတွေက
ဒို့နှစ်ယောက်ကို
စည်းများခြားထား
စေခဲ့တာလားကွယ်
ငါ့ရင်ထဲက
အချစ်စေတမာန်ကို
နင်ဘာကြောင့်
ခါးသီးမှုဖြစ်အောင်
ငြင်းပယ်ခဲ့တာလဲ
မသာယာတဲ့
ငါ့ဘဝအဖြစ်က
နင်ဥပေက္ခာပြုသင့်
လောက်ပါတယ်လေ
နင်ဟာပန်းခင်းသော
လမ်းမှာလျှောက်နေသူ
ငါ့မှာဆူးခင်းလမ်းမှာ
လျှောက်နေသူမို့
ခြားနားလွန်းတဲ့
ဘဝနှစ်ခုက
လေပင့်ရာ
လွင့်မျောသွားတဲ့
ကျွန်းမျောတစ်ခုလို
ပါပဲဗျာ
သြော်---ချစ်သူရယ်
ချစ်ရေးချစ်ရာ
ချစ်ကမ္ဘာတွင်းမှာ
ချစ်သူတွေရဲ့
အသည်းနှလုံးဟာ
အမုန်းမရှိရင်
အကောင်းသား
အခုတော့လေ
နာကျင်ပါစေဆိုတဲ့
ဆန္ဒတခုနဲ့
နင့်ဘဝရဲ့
အလင်းတန်းဖြောင့်ဖို့
ငါကအမှောင်ထဲမှာ
လျှောက်ရတော့မှာလား
ကောင်းပါတယ်လေ
နင်သာယာတဲ့ဘဝမှာ
လျှောက်လှမ်းနိုင်ပါစေ
ဗျာ ငါကျေနပ်တယ်
ချစ်ကံခေသူ
ငါ့အဖို့က နှလုံးသားကို
စတေးပြီး
နင့်ကိုပေးဆပ်ဖို့
ဆိုတာလည်းငါ့မှာ ပေးနိုင်စွမ်း မရှိတော့ပါဘူးလေ
အလွမ်းတစ်ခုနဲ့
ဖြေသိမ့်ပါရစေတော့
လားကွယ်

L W L