ခြားနာခြင်းမှတ်တိုင်
♥ ♥ ♥ ♥ ♥
မမြင်နိုင်
ကံတရားတွေက
ဒို့နှစ်ယောက်ကို
စည်းများခြားထား
စေခဲ့တာလားကွယ်
ငါ့ရင်ထဲက
အချစ်စေတမာန်ကို
နင်ဘာကြောင့်
ခါးသီးမှုဖြစ်အောင်
ငြင်းပယ်ခဲ့တာလဲ
မသာယာတဲ့
ငါ့ဘဝအဖြစ်က
နင်ဥပေက္ခာပြုသင့်
လောက်ပါတယ်လေ
နင်ဟာပန်းခင်းသော
လမ်းမှာလျှောက်နေသူ
ငါ့မှာဆူးခင်းလမ်းမှာ
လျှောက်နေသူမို့
ခြားနားလွန်းတဲ့
ဘဝနှစ်ခုက
လေပင့်ရာ
လွင့်မျောသွားတဲ့
ကျွန်းမျောတစ်ခုလို
ပါပဲဗျာ
သြော်---ချစ်သူရယ်
ချစ်ရေးချစ်ရာ
ချစ်ကမ္ဘာတွင်းမှာ
ချစ်သူတွေရဲ့
အသည်းနှလုံးဟာ
အမုန်းမရှိရင်
အကောင်းသား
အခုတော့လေ
နာကျင်ပါစေဆိုတဲ့
ဆန္ဒတခုနဲ့
နင့်ဘဝရဲ့
အလင်းတန်းဖြောင့်ဖို့
ငါကအမှောင်ထဲမှာ
လျှောက်ရတော့မှာလား
ကောင်းပါတယ်လေ
နင်သာယာတဲ့ဘဝမှာ
လျှောက်လှမ်းနိုင်ပါစေ
ဗျာ ငါကျေနပ်တယ်
ချစ်ကံခေသူ
ငါ့အဖို့က နှလုံးသားကို
စတေးပြီး
နင့်ကိုပေးဆပ်ဖို့
ဆိုတာလည်းငါ့မှာ ပေးနိုင်စွမ်း မရှိတော့ပါဘူးလေ
အလွမ်းတစ်ခုနဲ့
ဖြေသိမ့်ပါရစေတော့
လားကွယ်
L W L
♥ ♥ ♥ ♥ ♥
မမြင်နိုင်
ကံတရားတွေက
ဒို့နှစ်ယောက်ကို
စည်းများခြားထား
စေခဲ့တာလားကွယ်
ငါ့ရင်ထဲက
အချစ်စေတမာန်ကို
နင်ဘာကြောင့်
ခါးသီးမှုဖြစ်အောင်
ငြင်းပယ်ခဲ့တာလဲ
မသာယာတဲ့
ငါ့ဘဝအဖြစ်က
နင်ဥပေက္ခာပြုသင့်
လောက်ပါတယ်လေ
နင်ဟာပန်းခင်းသော
လမ်းမှာလျှောက်နေသူ
ငါ့မှာဆူးခင်းလမ်းမှာ
လျှောက်နေသူမို့
ခြားနားလွန်းတဲ့
ဘဝနှစ်ခုက
လေပင့်ရာ
လွင့်မျောသွားတဲ့
ကျွန်းမျောတစ်ခုလို
ပါပဲဗျာ
သြော်---ချစ်သူရယ်
ချစ်ရေးချစ်ရာ
ချစ်ကမ္ဘာတွင်းမှာ
ချစ်သူတွေရဲ့
အသည်းနှလုံးဟာ
အမုန်းမရှိရင်
အကောင်းသား
အခုတော့လေ
နာကျင်ပါစေဆိုတဲ့
ဆန္ဒတခုနဲ့
နင့်ဘဝရဲ့
အလင်းတန်းဖြောင့်ဖို့
ငါကအမှောင်ထဲမှာ
လျှောက်ရတော့မှာလား
ကောင်းပါတယ်လေ
နင်သာယာတဲ့ဘဝမှာ
လျှောက်လှမ်းနိုင်ပါစေ
ဗျာ ငါကျေနပ်တယ်
ချစ်ကံခေသူ
ငါ့အဖို့က နှလုံးသားကို
စတေးပြီး
နင့်ကိုပေးဆပ်ဖို့
ဆိုတာလည်းငါ့မှာ ပေးနိုင်စွမ်း မရှိတော့ပါဘူးလေ
အလွမ်းတစ်ခုနဲ့
ဖြေသိမ့်ပါရစေတော့
လားကွယ်
L W L