Sunday, March 16, 2014

မင်းတို့ ငါတို့အနုပညာ..

မင်းတို့,ငါတို့ရဲ့ အနုပညာ

အချိုမကြိုက်တဲ့ ငါ့ဦးခေါင်းက လာသမျှအနံ့အသက်ကို တောက်ထုတ်ပစ်တယ်
အတိတ်ဆိုတာ....
သောက်လက်စအရက်ခွက်​ရဲ့ တစ်ဝက်ကုန်ခမ်းနေမှုပဲ
ဒီသီချင်းနဲ့လျှပ်စစ်ကိုဖြတ်ပြီး မစီးဆင်းစေနဲ့တော့
လေထုထဲက ရေခိုးရေ​ငွေ့လိုပဲ
မမြင်​ရတဲ့ဒုက္ခဟာ ငွေ့ရည်ဖွဲ့ပြီး ငါတို့ဆီလာမယ်
စိတ်ကိုအမိုးဖွင့်ထားတဲ့ကားလို
လေတဖြူးဖြူး အတိုက်ခံလို့ အကိုင်းအခက်အသစ်ဆီချိုးကွေ့မယ် ဘာကြောင့် ယောက်ယက်ခတ်စရာလိုမလဲ အနုပညာဆိုတာ အမဲလိုက်ခွေးရှေ့က သားကောင်​လို ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှမဟုတ်တာ....၊ မင်းခါချလိုက်တဲ့ချွေးတစ်စက်တည်းပဲဖြစ်​ပါ​စေ
အသံမြည်စေရမယ် ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး စီးဆင်းပေစေ​တော့ ကုက္ကိုပင်ပေါ်က ကုက္ကိုသီးတွေလို
အလဟဿသီးပွင့်မှုမှာ
မင်းနာမည် မပါပါစေနဲ့....။ ။

မောင်​ဖီလာ ရုပ်​ရှင်​အမြုတေ၊