Sunday, March 16, 2014

ချစ်​သူတမ်းခြင်း ( အယ်​ခဲလူ )

ပြန်လာပါတော့ချစ်သူရယ်
ဘယ်သူမှမရှိတဲ့
အလင်းမဲ့အခန်းငယ်ထဲ
တစ်ယောက်တည်း
အထီးကျန်စွာလွမ်းနေ ရတရ်
တစ်စစီကြွေလွင့်ပြီးဖြစ်သော
တစ်ချိန်ကတို့နှစ်ယောက် ရဲ့
နှစ်ယောက်တစ်အိမ်မက်ကို
ပြန်လည်လို့ ဆက်မက်ကြရအောင်
အတိတ် ရဲ့
အပြစ်အနာအဆာတွေကို
လွင့်ပစ်လိုက်ပြီး
အနာဂတ်ခရီးသစ်
ပန်းခင်းလမ်းတွေထဲ
အတူယှဉ်တွဲ
လျှောက်လှမ်းကြရ အောင်
ဆူးခင် လမ်းတွေနဲ့ဆုံရင် လည်း
ချစ်သူသာကိုယ့်နား မှာရှိရင်
ကိုယ်မဖြုံဘူးချစ်သူ
ဓားတောင် ကိုလည်း
ကျော်ဖြတ် ရဲတရ်
မီးပင် လယ်ကိုလည်း
လက်ပစ်ကူးရဲတရ်
ကံကြမ္မာကို
တွေးမကြည့်ချင် ဘူး
ပြေးကြည့်ချင် တရ်
မင်းလာနေကျလမ်းမဘက်
ငေးမျော်နေရတာလည်း
မောလှပြီချစ်သူရယ်
တမ်းတမ်းတတဖြစ်နေရတဲ့
ရင် ခုန်သံတွေကိုလည်း
အားနာလှပြီ
အလင်းမဲ့တဲ့အခန်းငယ်ထဲ
တစ်ယောက်တည်း
အထီးကျန်စွာ
လွမ်းနေရတဲ့အဖြစ်ကို
ကျော်လွန်ချင် လှပြီ
ကိုယ့်အဖြစ်ကိုစာနာရင်
ချစ်သူမြန်မြန်ပြန်လာပါတော့ကွယ်