အမေ ရယ်.....
နုနယ်လှ သားလှမျက်နှာကို
မှက်'ခြင်'ယင်'မသန်း ရ လေအောင်
သားထံပါးမှ
တစ်ဖဝါးမျှမခွါ နိုင် ရှာတဲ့ အမေ့ကို
သားဘယ်လိုကျေးဇူး တုန်ြ့ပန်ပေးရမှာလဲ နုနယ်လှ သားလှမျက်နှာကို
မှက်'ခြင်'ယင်'မသန်း ရ လေအောင်
သားထံပါးမှ
တစ်ဖဝါးမျှမခွါ နိုင် ရှာတဲ့ အမေ့ကို
အမေ့ရင်သွေး သားလူလေးတွက်
ရတက် မအေးရှာ အူဝဲအူဝဲ
တ အေးအေးနဲ့ ငိုကြွေးနေ သားလေးကို
အမေ အပြုံးပွင့်ကို မြင် စဉ်ခဏမှာ
တိတ်သွားရှာပေါ့
အမေ မေတ္တာ ရေစင် တစ်ခွက်ဟာ
ယ နေ့ထက်တိုင် မေ့မရခဲ့ပါလား အမေ။
အချိန်တန်လို့ အရွယ်ရောက် ပြန်တော့ လူရာမဝင် မှာစိုး
ကကြီးမှစ အ အဆုံးတိုင်
မပီပြင် ဝိုးတဝါးနဲ့ သင်ပေးရှာပေါ့လား အမေရယ် ။
အော်---အမေ ရယ်
နှိုင်းပြစရာ ပုံသွင်း
သမုဒ္ဒရာ လေးစင်းရှိ ရေသော်မှ
အမေ မေတ္တာနှင့် နှိုင်းရင်
သမုဒ္ဒရာလေးစင်းရှိ ရေရှုံးသတဲ့ အမေ
သားပခုံးထက်မှာ
အမေ တဖက် အဖေတဖက်
ထမ်းပြီး ပြုစုလုပ်ကျွေး သော်လည်းဖြစ်စေ
သားပခုံးထက်မှာ မစင် တက်စွန့် လဲ
အမေ အဖေ ကျေးဇူး
ဆပ် ရာမရောက်ဘူး တဲ့အမေ ရယ်
သြော်---အမေရယ် သားမှာလိုက်ပါရစေ
သားအတွက် ပူပင်သောကတွေ ဖြစ်နေမည့်အစား
ဓမ္မနှင့်ပျော်ပါတော့လား အမေရယ်
ဇရာဖိစီးလို့ တရားအသိနဲ့ ပျော်ရချိန်မှာ
ဇရာဖိစီးလို့ တရားအသိနဲ့ ပျော်ရချိန်မှာ
ဗျာပါဒတရားတွေ မေ့ဖျောက်ပြီး
ဓမ္မဆိုတဲ့ ရင်ပြင်ပေါ်မှာ
အမေ ပျော်ရွှင် စွာ
လျှောက်လှမ်းနိုင် ပါစေ ကြောင်း
သားဆုမွန် ကောင်းတောင်းလိုက် ပါရစေ အမေရယ်......