အော်....ချစ်လျှက်နဲ့သာ
ဝေးကွာရသူ မောင့်အပူဟာ
ဝဋ်ဟောင်းကံပါ
ဆိုးရွားစွာဖြင့် ဝေဒနာပေး နှိပ်စက်သေးရင်
နှစ်နှစ်ကာကာ ချစ်တတ်ပါသော
ရင် မှာတွယ်ထား နှလုံးသားကို
ရွှေစိတ်မညို မုန်းမပိုပဲ
ဘဝခြားကာ သံသရာထိ
သော့ခတ်သိမ်းထား အချစ်များဖြင့်
ထိန်းလို့ထားမယ်
ချစ် ရသူရယ်။ ။