Sunday, March 16, 2014

မျှော်လင့်ခြင်းဆီသို့.....

မျှော်လင့်ခြင်းဆီသို့.....

မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်​မှာ ကစဉ်ကလျားသော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကိုအ​ဖော်​ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ
လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ လွတ်မြောက်ချင်​လည်း
ထွက်ပေါက်မ​ပေးတဲ့
နံရံပိတ်ထားတဲ့တံခါး
ထင်းမရှိတဲ့မီးလင်းဖို့
မမြင်ရတဲ့ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်​ရသလား.... လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သောကောင်းကင်ပြာ
နွေးထွေးခြင်းနေခြည်ဖြာမှာ
ငါဟာ..အ​​နှောင့်အဖွဲ့ကင်းစွာနဲ့
ကမ္ဘာဦးလူသားတစ်ယောက်လို
အပူအပင်​မဲ့ ပြေးလွှားနေချင်​ရဲ့
အခုတော့များ မာယာပိုက်ကွန်ထဲက နှလုံးသားအချစ်ဟူသော
နတ်ဘုရားနှင့်ယင်းကို
ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှပစ်ခွင်းသော
ရင်​မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့ရယ်မောသံများရဲ့
အဆုံးမ​တော့အတိတ်ခါးခါးကို ဆေးကြောဖို့ရာဘယ်မှ
ထွက်ပေါက် ရှာမရခဲ့ဘူး . . .မျှော်လင့်ချက်ကတံခါးပေါက်အပြင်​မှာ
ငါ့မှာတော့နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကိုရူးမိုက်စွာခံစား
ရင်းနှီးပြီးသား ကြမ်းပြင်​မှာလဲလျောင်းလို့
ငါ့ဝိညာဉ်ကိုလွတ်မြောက်စေ​တော့မယ်... ခေါ်သံတွေရဲ့အ​ဝေးကို
ရယ်မောသံများရဲ့အ​ဝေးကို
မျက်နှာကျက်​ရဲ့အ​ဝေးကို
နံရံတွေရဲ့အ​ဝေးကို
တံခါးများရဲ့အ​ဝေးကို
ကျိန်စာများရဲ့အ​ဝေးကိုပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့
စေစားရာကောင်းကင်ပြာလွင်ပြင်​တစ်ခုဆီ
ငါ့လိပ်ပြာလေး လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့.....