ချစ်သူရယ်
ချစ်တတ်သူတိုင်းရဲ့ နှလုံးသားရင်ပြင်မှာ
နင်ဟာငါ့အတွက်ပထမဆုံးရင်ခုန်ခဲ့ ဖူးသူပါချစ်သူ
မပြောင်းလဲတဲ့ အချစ်တစ်ခုနဲ့
တည်ဆောက်ထားတဲ့
တို့နှစ်ယောက်ရဲ့ နှလုံးသားမြို့တော်ဟာ
ခုတော့ပျက်စ ပြုလာပြီလား ချစ်သူ
ယောက်ျားတန်မဲ့ မာနကိုခဝါချပေမဲ့
နင့်ရဲ့အချစ်ကိုတော့ ခဝါချလို့မရပါဘူး ချစ်သူ
ချစ်နေလျက်နဲ့ မျက်ရည်အဖြစ်
နင်ပြောင်းလဲသွားခဲ့ပြီပေါ့ ချစ်သူ
အေးစက်နေတဲ့ နင်လက်တစ်စုံကို
ငါဆုပ်ကိုင်မိစဉ်မှာ ညင်သာစွာပြုံးပြနေတဲ့
နင့်ရဲ့အပြုံးဟာ မမေ့ရက်နိုင်သေးပါလားကွယ်
ဒီချိန်မှာဒါတွေ မတွေးသင့်တော့ပေမဲ့
ထာဝရငါ့ရင်မှာ စူးနစ်နေတဲ့
ဆူးတစ်ချောင်းကို နှုတ်လို့မရဖြစ်နေလို့ပါ ချစ်သူ
နင်တကယ်ပဲငါ့ကို စွန့်သွားတော့မှာလား
မျက်ရည်နဲ့သက်သေ ပြသွားခဲ့ပြီလား
ချစ်သူ