ညလွမ်းဖော်
မင်းရှိမှသတိရတတ်တာမဟုတ်ပါဘူး။ မင်းမရှိတဲ့အခါ သတိရတဲ့စိတ်
အအိပ်ခက်တာ မင်းသိမှာပါ ။
မင်းမြင်မှ ခင်တွယ်တတ်တာမဟုတ်ပါဘူး မင်းမမြင်တဲ့အခါ ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ်တည်ရှိတာ မင်းသိမှာပါ ။
ဘယ်လောက်ဝေးဝေး ဘယ်လောက်ခွဲခွဲ
ရင်ထဲကမင်းရဲ့အရိပ် ငါနဲ့အတူအိပ်နေတယ်။
မောင်လှမျိုး