Sunday, March 16, 2014

အရင်​အတိုင်းပဲ...♪ ​ငွေလဝန်း ♬

အရင်တိုင်းပ

မပြောင်းလဲပါဘူး
အချိန်တိုင်းစက္ကန့်တိုင်း
နာရီလက်တန်ရွေ့နေသမျှ
မင်းရဲ့ရှေ့မှာ ငါရပ်တည်နေမှာပါ
မင်းပျော်နေရင်
ငါလည်းပျော်နေမှာပါ
မပြောင်းလဲတဲ့
ဒို့နှစ်ယောက်ချစ်ခြင်းက
ကမ္ဘာတည်သရွေ့ပါ
တနယ်စီခြား ဝေးကွာသွားလဲ
အရင်တိုင်းပဲ
မြင်ပါရစေလားကွယ်
ငါနဲ့နင်ဆော့မြူးကစား
ခဲ့တဲ့အတိတ်ရဲ့
ခြေလမ်းတိုင်းမှာ
မင်းအမှတ်ရနေမှာပါ
ချေဖျက်လို့မရတဲ့
ဆေးရောင်စုံပန်း
ချီကားတစ်ချပ်ကို
မင်းကြည့်မိတိုင်း
သတိရစေမှုတစ်ခုဖြစ်မှာပါ
နင်နဲ့ငါတိုင်တည်ခဲ့သစ္စာဥယျာဉ်မှာ
ပျိုးခဲ့တဲ့သစ္စာပန်းတွေ
အနံ့အသက်မရှိပေမဲ့
ယနေ့ထက်တိုင် ရှင်သန်နေဆဲပါ
မင်းလေးရယ်
နင်အခါသင့်လို့
အခွင့်ကြုံသည့်အခိုက်မှာ
နင်သွားကြည့်လိုက်ပါကွယ်
ပန်းသစ္စာက နင့်ကိုပြုံးပြနေမှာပါ
ဝေးလွင့်နေတဲ့
နင့်ရဲ့စိတ်အစဉ်ကို
ငါ့နှလုံးသားဥယျာဉ်မှ ထိန်းချုပ်ပေးဖို့
အရင်ကနင်ပြောခဲ့တဲ့
စကားအတိုင်း အဆင်သင့်ပါ
မင်းလေးရယ်


❦ N L W ❦