ငါ့ရဲ့ချစ်သူ
မချည်နှောင်မိအောင် တမင်ရှောင်ခဲ့ပေမယ့် လည်ပြန်အကြည့်မှာ ရင်မှာငြိကျန်ခဲ့လေပြီ...
သူငယ်ချင်းလိုလား.ချစ်သူလိုလား ဒွိဟများနဲ့ ချစ်စိတ်ပွားရသူပါ..
တခါတခါ စိတ်ဆိုးမိမှ
တိတ်တခိုးချစ်နေမှန်း သိခဲ့ရသူ ......
တခါတခါ မနာလိုဖြစ်မိမှ
ခင်တာထက်ပိုနေမှန်း သိခဲ့ရသူ ....
တကယ်တော့
နင်ဟာ..ငါသိပ်ချစ်တဲ့ ငါ့ရဲ့ချစ်သူပါ .....
w.z.o