ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့ နှလုံးသားရပ်ဝန်းရှိတယ်။ မြှားတစ်စင်းဆင်းရုံလေးနဲ့တော့
မကျီစားပါနဲ့ ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို အခါခါခေါက်သိမ်းရင်း မြတ်နိုးမှုသက်သက်နဲ့တင် ကျေနပ်မိသူတစ်ယောက်ကိုမှ အလွမ်းတွေပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း
ဖန်ဆင်းပေးရက်တယ်။
ငါသာလျှင်.. မင်းရဲ့အကြည့် မင်းရဲ့အပြုံးတို့စေစားရာ
ငါသာလျှင် မင်းရဲ့အသံ မင်းဟန်တို့ရဲ့ရည်မှန်းရာ
ငါသာလျှင် မင်းနှလုံးသား
မင်းအတွေးတို့ ပိုင်စိုးရာ
အမြဲ.....ဖြစ်နေချင်ခဲ့ ။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက်တောင့်တရင်းနဲ့
ချစ်သူ...
ငါ့အနားမှာမင်းမရှိခဲ့ရင်တောင်
မင်းအနားမှာငါမှတပါး
အခြားဘယ်သူကိုမှ
မရှိစေချင်ပါ ။