မင်းအကြောင်းတွေပဲ
တွေးနေတတ်တယ်
သန်းခေါင်ယာမ်
ညဉ့်နက်ထိတိုင်ပေါ့
မင်းအပြုံးလေးနမ်းချင်မိတယ်
မဖြစ်နိုင်ပေမဲ့
စိတ်ကူးလေးနဲ့ပျော်နေသူလေ...
မင်းစကားသံလေး
အမြဲတမ်းကြားချင်နေမိတယ်
အလှမ်းဝေးပေမဲ့
အရူးအမူးဖြစ်နေလေတော့
မလွန်လောက်ဘူထင်တယ်
သြော် ငါ့အဖြစ်က
မသေရှာမရေရာခြင်းတွေကို
စာတင်ကာပြနေလေတော့
အရူးတစ်ယောက်ရယ်များ
ထင်နေကြမလားပဲနော်
ဟုတ်ပါတယ် ထင်ကြပေါ့
ဒီလူက အချစ်ရူးကြီးပေါ့
ချစ်တတ်လွန်းလို့
ရူးလောက်အောင်ချစ်ပြတဲ့
အချစ်ရူးကြီးပါကွယ်။
❦ Alkharluu ❦