အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး
ဟိုးအဝေးကမ္ဘာမှာ မျောလွင့်နေတဲ့
နင့်ရဲ့ဝိညာဉ်တွေ ပျော်စံရာ
ချစ်ဗိမာန်သစ်မှာ
နင်ပျော်နေရှာပြီပေါ့ အ
တိတ်ရဲ့လမ်းကြောင်းပေါ်မှာ
နှစ်ယောက်သား ရေးခြစ်ခဲ့တဲ့ စာမျက်နှာကို
နင်ပြန်လှည့်ကာ ဖတ်ကြည့်ပါဦးလားကွယ်
မတူမတန်တယူသန်စိတ်နဲ့
ငါ့ကိုအလွမ်း ဒိုင်ယာရီတစ်ပုဒ်
ထားခဲ့တာလား......
ဘဝပေးကံက နှလုံးသားရေးရာမှာ
အရှုံးသမား တစ်ယောက်ရယ်ပါ
နင်မကြင်နာ ငါနဲ့ ဝေးရာသို့
လွင့်ပါးသွားခဲ့ပြီလား
ထွေးလှပါတယ် ဆိုတဲ့
နင့်ရဲ့ဟဒယ စကားသံတွေဟာ
ခုတော့အလွမ်းတစ်ခု အဖြစ်ထားခဲ့ပြီပေါ့
ငါ့နှလုံးသားဒိုင်ယာရီပြဇာတ်တစ်ပုဒ်မှာ
သရုပ်ဆောင်ပြ ခဲ့တဲ့နင့်ကို
ငါမှတ်တမ်းပြုစုထားမှာပါ
အဝေးကမ္ဘာမှာ
နင်ပျော်ရွှင်မှု မရခဲ့ရင်ပေါ့
ငါ့ရဲ့အလွမ်းဒိုင်ယာရီ ပြဇာတ်မှာ
ဇာတ်သိမ်းပိုင်းလေး
နင်ကပြလှည့်ပါဦးလို့
အလွမ်းသမားလေး စောင့်ကြိုလျက်ပါ
ဟိုးအဝေးကမ္ဘာမှာ မျောလွင့်နေတဲ့
နင့်ရဲ့ဝိညာဉ်တွေ ပျော်စံရာ
ချစ်ဗိမာန်သစ်မှာ
နင်ပျော်နေရှာပြီပေါ့ အ
တိတ်ရဲ့လမ်းကြောင်းပေါ်မှာ
နှစ်ယောက်သား ရေးခြစ်ခဲ့တဲ့ စာမျက်နှာကို
နင်ပြန်လှည့်ကာ ဖတ်ကြည့်ပါဦးလားကွယ်
မတူမတန်တယူသန်စိတ်နဲ့
ငါ့ကိုအလွမ်း ဒိုင်ယာရီတစ်ပုဒ်
ထားခဲ့တာလား......
ဘဝပေးကံက နှလုံးသားရေးရာမှာ
အရှုံးသမား တစ်ယောက်ရယ်ပါ
နင်မကြင်နာ ငါနဲ့ ဝေးရာသို့
လွင့်ပါးသွားခဲ့ပြီလား
ထွေးလှပါတယ် ဆိုတဲ့
နင့်ရဲ့ဟဒယ စကားသံတွေဟာ
ခုတော့အလွမ်းတစ်ခု အဖြစ်ထားခဲ့ပြီပေါ့
ငါ့နှလုံးသားဒိုင်ယာရီပြဇာတ်တစ်ပုဒ်မှာ
သရုပ်ဆောင်ပြ ခဲ့တဲ့နင့်ကို
ငါမှတ်တမ်းပြုစုထားမှာပါ
အဝေးကမ္ဘာမှာ
နင်ပျော်ရွှင်မှု မရခဲ့ရင်ပေါ့
ငါ့ရဲ့အလွမ်းဒိုင်ယာရီ ပြဇာတ်မှာ
ဇာတ်သိမ်းပိုင်းလေး
နင်ကပြလှည့်ပါဦးလို့
အလွမ်းသမားလေး စောင့်ကြိုလျက်ပါ