Sunday, March 16, 2014

နောက်​ဆုံးကဗျာ

နောက်ဆုံးကဗျာ

ဘ၀ဆိုတာ ခဏ​လေးပါပဲတဲ့... အချစ်ဆိုတာလည်း ဘယ်လောက်ကြာမှာတဲ့လဲကွယ်။

နောက်ဆုံး....ကဗျာပျောက်ဆုံးမှာစိုး၊ မြတ်နိုးသိမ်းထား၊ ရင်​ခွင်ကြားမှာ ကာလကြာတော့... မှင်ရောင်ဖျော့ညစ်
ဒါ....အချစ်လား။

အချစ်ကြာကြာ.. အပြစ်​ရှာတွေ့
မေ့မေ့မုန်းမုန်း၊ စာပန်းကုံးလေး
သူပေးခဲ့ပြီ.....
ပေးခဲ့တဲ့စာ ရင်​မှာနာ,လည်း (ဘ၀ဆိုတာတောင် ခဏ​လေးပါပဲတဲ့ အချစ်ဆိုတာလည်း.... ဘယ်လောက်ကြာမှာတဲ့လဲကွယ်)
ဒီလိုနဲ့ပဲ ကိုယ့်ရင်​ထဲ
ကြေကွဲမျက်​ရည် ဝဲတော့တယ်...။။

မောင်​လှမျိုး (ချင်းချောင်းခြံ)