နောက်ဆုံးအမည်စာရင်း
ငါချစ်သလောက် မင်းမချစ်ရင်နေပါ။
ငါချစ်တာကို မင်း .. သိပါ။
ငါလွမ်းသလောက် မင်းမလွမ်းရင်နေပါ။
ငါလွမ်းတာကို မင်း .. သိပါ ။
ငါမြတ်နိုးသလောက် မင်းမမြတ်နိုးရင်နေပါ ငါ့မြတ်နိုးမှုတွေကို မင်းမြင်ပါ။
ငါချစ်သလောက်,ငါလွမ်းသလောက်,
ငါမြတ်နိုးသလောက်, မင်းမသိရင်နေပါ ။
ငါ့နာမည်ကို မင်းမေ့မသွားရင် ကျေးဇူးအထူးတင်ရှိပါကြောင်း ။
မောင်လှမျိုး