မင်းမကြင်နာ
မုန်းမေ့သွားမှာကြောက်လို့
စိုးထိတ်မှု့နဲ့အတူ
ချစ်တာကို မပြောရက်ပါပဲ
တိုးတိုးတိတ်တိတ်
မျိုသိပ်ပြီးနေခဲ့တာပါ
တစ်ကမ္ဘာလုံးလူတွေ
ငါ့ကိုမုန်းချင်သလောက်မုန်း
ခံနိုင်ရည်ရှိတယ်
ဒါပေမဲ့ကွယ်......
မင်းမုန်းမှာကိုတော့
သေမလောက်ကြောက်တယ်
ဒါကိုအချစ်လို့
တင်စားလို့ရမလား
ရင်တွင်းမှာဆူပွက်နေတဲ့
ချစ်ခြင်းရဲ့မီးလျံတွေ
မင်းကိုမြင်တွေ့စေချင်တယ်
ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း
ဆွံ့အသွားတဲ့အဖြစ်
တုန်ခါနေတဲ့ခြေထောက်တွေ
ဘာရယ်ကြောင့်မသိပေမဲ့
ဒီအဖြစ်ကိုမကျော်နိုင်းဘူးလေ
ရှိပါစေတော့လေ
မင်းသိအောင် ဝေဒနာကို
မကြေငြာတော့ပါဘူး
တိုးတိုးတိတ်တိတ်
တိုးတိတ်ပြီးနေတော့မယ်။
➳ Alkhaeluu (^_^)