Sunday, March 16, 2014

မာနမဲ့စွာ...

မာနမဲ့စွာ

ပြက်​ရယ်မှုကိုခံရသည့်အခါ အားငယ်သွားတတ်သော်လည်း မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်​ကျင့်မှုကိုခံရသည့်အခါ ဝမ်းနည်းသွားတတ်သော်လည်း မည်သည့်အခါမှ မနာကျည်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မ​ကျေနပ်မှုကို ခံစားရတတ်သော်လည်း မည်သည့်အခါမှမငြိုငြင်​ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ ကျွမ်းမြေ့လောင်မြိုက်စွာ
ပူပန်​​နေရ​သော်လည်း မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စ​တွေ့သည်မှ
ငါသည်သင့်အား မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။

မောင်​စိန်ဝင်း(ပုတီးကုန်း)