Sunday, March 16, 2014

လွမ်းစိတ်ဝေေ၀ (အ​ဝေးတစ်မြေ)

ကံကြမ္မာက ဒဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေဝေရပြန်ပြီလေ....

ကိုယ့်ကိုများ မေ့နေမလား
စိုးရိမ်စိတ်တွေလည်း ငြိတွယ်ခဲ့ပြီ
ငါ့အရိပ်တွေ ကွယ်ပျောက်
တခြားအရိပ်များ ခိုနားပြီလား
စိတ်အ​တွေစဉ်မှာ သံသယ​တွေ
ဝေရပြန်ပြီလေ.....

မီးလျှံတွေကြားမှာ အထီးကျန်နေရတာ

လွမ်းမောရပါတယ် .....
ထာဝရအနားရှိချင်ပေမယ့် ခွဲခွါရတာ

ကံကြမ္မာရဲ့အပြစ်လား
ကိုယ့်ဒုက္ခ ကိုရှာသတဲ့လား
ဒါမှမဟုတ်...........
ဖူးစာရှင်​များ ရူးရ​အောင်
လုပ်နေသလားကွယ်..............