Sunday, March 16, 2014

အလွမ်းညတစ်​ညရဲ့စာမျက်​နှာကိုလှန်​ဖတ်​မိခြင်း ( အယ်​ခဲလူ )

အိပ်စက်လိုမရတဲ့
ညဉ့်တစ်ညဉ့်သန်းကောင်ယံ
လ ရောင် ကလဲမသဲကွဲ
ကြယ်စင်တွေကလဲ
အိပ်စက်အနားယူနေပြီ
တစ်ချက်တစ်ချက်သော
ငှက်ဆိုးထိုးသံမှအပ
ဘာသံမျှမကြာရ သော
အလွန်တိက်ဆိတ်သော
ညဉ့်အလယ်မှာ
တနင့်နင့်နာကျင်နေ သော
ဝေဒနာတွေက ရှိုက်သံအဖြစ်
ပြောင်းလဲလာခဲ့တရ်
ရှိုက်သံတွေရဲ့ဖိအားကြောင့်
ကြွေလွင့်လာတဲ့
မျက် ရည်ပူပူနွေးနွေးတွေက
ကိုယ့်ကိုပြန်လည်လို့
နှစ်သိမ့်နေ လေရဲ့လေ
ဘာ့ကြောင့်ဒီလောက်ထိ
ဝမ်းနည်းပူဆွေးနေ ရသလဲတဲ့
မျက် ရည်တွေကို
အားနာလိုက်တာချစ်သူရယ်
မင်းပေးခဲ့တဲ့ကတိတွေကို
အခါခါ ရည် ရွတ် ရင်
မနည်းဘဲအားတင်းနေရတရ်
ကိုယ့်ကိုကျမှ ဒီလိုဝေဒနာ
အသိုက်အမြုံကြီးနဲ့
နေခိုင်းရက်တယ်ဆိုပြီး
ကံကြမ္မာကိုရိုးမယ်ဖွဲ့
စိတ်နာမိတရ်  ဒါပေမဲ့
စိတ်နာနာနဲ့ချစ်နေရတာလို့
ဆိုရ လေမလားပဲ
ဘယ်လိုမှမုန်းလို့မရဘူးကွယ်
မေ့ပြစ်နိုင်အောင်
အခါခါကြိုးစားခဲ့ပေမဲ့
ရေပြင် မှာစာရေး ရသလို
အရာမထင် ခဲ့ ဘူး
စတေးခဲ့ရသမျှမျက် ရည်တွေ
တင် ကျန်ကောင်းတဲ့
အရာသာဆိုရင် မင်း တစ် သက်
ချိုးလို့မကုန်နိုင် တဲ့
ရေကန်တစ်ကန်
အဖြစ် ကျန် ရစ် လိမ့် မယ် ထင် တရ်​။
ချစ်​သူ