အချစ်ကြီးတော့
သံယောဇဉ်
နှောင်အဖွဲ့တွေက
အိပ်မက်ကမ္ဘာမှာသော်မျှ
မင်းလေးကပဲ
စိုးမိုးနေတယ်ကွယ်
အိပ်မက်ကမ္ဘာမှာ
ပျော်မြူးခဲ့ရတဲ့
မင်းလေးနဲ့ငါ
ချစ်ဆိုတဲ့
ကမ္ဘာငယ်လေးထဲမှာ
ပခုံးချင်းဖက်
လက်ချင်းယှက်ပြီး
လောကဥယျာဉ်ပေါ်မှာ
လျှောက်လှမ်းခဲ့ရတဲ့
အဖြစ်ရယ်က
ပျော်ရွှင်ခြင်းကမ္ဘာပေါ့
အိပ်မက်မှ
နိုးထလာတော့
တကယ်မဟုတ်မှန်း
သိလိုက်ရတဲ့အခါ
ငါ့ရဲ့ရင်မှာ
ဝေဒနာအပိုင်းအစတွေက
တဖွားဖွားနဲ့ပေါ့ကွယ်
ကြေကွဲဝမ်းနည်းစွာနဲ့
အိပ်မက်ကို
ပြန်ဆက်နေမိတယ်
အိပ်မက်တိုင်းသာ
ဖြစ်မယ်ဆိုရင်
ငါ့ဘဝရဲ့
အပျော်ရွှင်ဆုံး
နေ့တနေ့ပေါ့
သြော်--မင်းလေးရယ်
ချစ်နေလျှက်နဲ့
ဟန်ဆောင်အပြုံးနဲ့
ငါ့ကိုမနှိက်စက်ပါနဲ့
မင်းလေးရယ်
❦ ❦ N L W ❦❦