Sunday, March 16, 2014

နားလည်​ပါ​စေ ပန်းက​လေး (အယ်​ခဲလူ)

ငါ့ဘဝငါ့နေရာ
ငါ့ဥယျာဉ်ငါ့ကမ္ဘာ ငယ်ထဲမှာ
သိပ်လှတဲ့ပန်းလေးတစ်ပွင့်
လန်းဆန်းစွာဖူးပွင့်ခဲ့ဖူးတရ်
မြင် သူတကာငေးမော
လှလွန်းသူဖြစ်နေ လေ တော့
ပျားပိတုန်းတွေလည်း
ဝိုင်းဝိုင်းလည်လို့ပေါ့
ပျားပိတုန်းတွေရဲ့
အတို့အဆိတ်အယုအယ
ကျီစယ်မှု့တွေရဲ့ကြား
မိုးလေမမြင် သူပျော်နေ လေရဲ့
သူဘဝ လေး
အနာတရမဖြစ်အောင်
ပေါင်းသင်မြေဆွ
ရေစင်လောင်းလို့
ပြုစုကာစောင့်ရှောက်ပေးသူက
ငါ့ဆိုတဲ့ဥယျာဉ်မှုး
ဥယျာဉ်မှုးတို့ရဲ့သဘာဝအတိုင်း
မခူးရက်မနမ်းရက်
မခြွေရက်နဲ့
အရိပ်တကြည့်ကြည့်နဲ့
ရင်မောလိုက်တာကွယ်
ပန်းက လေးကိုမေးချင် မိတရ်
ချစ်တတ်ခင် တတ်
ကြင် နာတတ်လွန်းတဲ့
ဥယျာဉ်မှုးလေးရဲ့
ရင် ခုန်သံချိုချိုလေးတွေကို
ဘယ်သောခါမှ
ခံစားမိမည်လည်း
ပန်းက လေးရယ်။
Published with Blogger-droid v2.0.10