Sunday, March 16, 2014

အဖြည့်​ခံဘဝ ( စွမ်းဈာန်​မြင့်​မိုရ်​ )

အကြွေပန်း ဆိုတာ
ရှုနမ်းသူမရှိမို့ နွမ်းလျှခဲ့တာ
သဘာဝ ပါကွယ်
တံချူနဲ့လှမ်းလို့ခူးယူတဲ့ ပန်းက 

ဆံ ကေ သာမှာ တစ် နေ ရာယူပြီး
အလှ စွမ်း အင် ဖြည့် ခဲ့ ပေ မဲ့
ညှိုး နွမ်း တဲ့ ချိန် အခါ
ကေ သာ မှာ နေ ရာ ပျောက်
လမ်း ပေါ်ရောက် ပန်း အဖြစ်
စွန့်ပစ် ခံ သော က များနဲ့
နင်း လို နင်း ကျော် လို ကျော်
အရောင် မ ပေါ် ရနံ့ပျယ် ပြီမို့
ပန်း က လေးရယ်
တူ ညီတဲ့ တို့ဒုက္ခ
သူ့ဘဝ လှပ အောင်
အ ဖြည့်ခံ ပဲ ပေါ့ကွယ်