Sunday, March 16, 2014

အ​မေ (အယ်​ခဲလူ၏ ရင်​တွင်းဖြစ်​ )

ကိုးလလွယ်စဉ်
မမြင် ရ သေး ရင်သွေးလေး၏
ပူခြင်းဒုက္ခမရှိစိမ့်ငှါ
စားချင် ပါလည်း ပူစပ်ဟင်းကို
ရန်သူအလား အမုန်းပွားလို့
စိမ်းကားလို့သာနေခဲ့ရှာ၏

မမြင် ရ သေး ရင်သွေးလေး၏
မရှိဆင်းရဲ့ ရှိတုံခြင်းငှါ
အိပ်ခြင်းမဝ စားခြင်းမမြိန်
နေခြင်းမလှ ထိုဒုက္ခကို
အပြုံးမပျက် ကျော်ဖြတ်ခဲ့၏

ကိုးလလွန်မြောက်
ဆယ် လ ရောက်သော်
ကြိုက်၍မှန်းထား
သားမျက်နှာထားကို
မြင် ရ တော့မယ်
စိတ်ကရွယ်လျှက်
သေခြင်းသမျှ ဆင်းရဲ့လှစွာ
မွေးဒုက္ခကို
မ ကြောက် မရွံကျော်လာခဲ့၏

ဖွားခြင်းလွန်မြောက်
လူလားမြောက်လာ
အူဝဲဘဝမှာ
နိုရည်ချိုသွေး နေစဉ်ပေးလျှက်
မအိပ်မနား ဗျာပါများနှင့်
နေတိုင်းဒုက္ခခံခဲ့ရ၏

လူရယ်လိုဖြစ်လာ
တို့တစ်တွေမှာ
လွယ်လွယ်နှင့်သာ
ဖြစ်လာခြင်းမဟုတ်
မွေးမေ မေတ္တာ ဂရုဏာနှင့်
စေတနာ အနစ်နာ
မျုားစွာပေါင်းစု ဆင်းရဲ့စုကို
အ မေ ခများ ခါးစည်းခံလျှက်
မွေးလာရ၏

ဒါကြောင့်တို့တစ်တွေသည်
ဒုက္ခသွေးချွေး
နေစဉ် စ တေးလျှက်
လူရယ်ဖြစ်အောင်
ကျွေးမွေးစောင့်ရှောက်လာ
မိမာတာကို
ကျေးဇူးမသိ မဆပ်ဘိလည်း
ကျေးဇူးကိုတော့မကန်းနဲ။