Sunday, March 16, 2014

ရန်သူတော်များစာရင်း

ရန်သူတော်များ စာရင်း

မင်းကိုချစ်မိတဲ့နေ့ကစပြီး
အရာရာကို မနာလိုတော့ဘူး ။

ဆံပင်တွေကို ခိုးခိုးနမ်းသွားတဲ့လေပြည် ပါးပြင်ပေါ် တိုးတိုးကပ်သွားတဲ့နေခြည် မင်းမျက်နှာကို မော့မော့ကြည့်နေကြတဲ့ ပန်းပွင့်တွေအားလုံးကို မနာလိုတော့ဘူး ။

မင်းကိုချစ်မိတဲ့ နေ့ကစပြီး
ရန်သူတွေ ပိုများလာပြီ ။

မင်းကိုငေးကြည့်တဲ့ကောင်
မင်းကိုစကားလာပြောတဲ့ကောင်
မင်းကိုကမ်းလှမ်းတဲ့ကောင်
မင်းကိုနောက်ပြောင်​တဲ့ကောင်
အားလုံးကို ငါမ​ကျေနပ်ဘူး ။

ဒီလိုနဲ့ပဲ အားလုံးဟာငါ့ရန်သူ ။
ငါဟာ .. အားလုံးရဲ့ရန်သူတစ်ယောက် ဖြစ်သွားရ​တော့တယ် .. ။

မောင်​လှမျိုး