Sunday, March 16, 2014

ဝေဒနာပုံရိပ်​ (အယ်​ခဲလူ)

အခန်း လေးထဲ
ကြိုး ပြတ် နေတဲ့
ဂီတာ အိုလေး ရယ်
ချောက် သွေ့ မှေး မှိန်နေတဲ့
ပန်း ချီ ကား မ လှ တ လှ ရယ်
နောက်ပြီး
ဝေဒနာ ​ရေ တိမ် နစ် နေတဲ့
ကိုယ် ရယ် ပေါ့
ဘဝ တူ သုံးဦးသား
အတိတ် အကြောင်း
အရိပ် ဟောင်း တွေကို
မေ့ ပြစ် ဖို့ ကြိုး စားမိကြ တရ်
ဒါပေ မဲ့ လေ
မေ့ပြစ်ဖို့ကြိုးစားလိုက်တိုင်း
အရိပ် ဟောင်းက
သူ အကြောင်းများ က ပေါ် လာ
ဘယ်လိုမှ မေ့ရန် မလွယ်ခဲ့ဘူး
ယောင်္ကျားတန် မဲ့မျက် ရည်တွေ
အခါခါ စတေးခဲ့ရပေါ့
သြော် ရက်စက် လိုက်တာ
ဝေဒနာ တွေ ရယ်
အသေ စော အောင်
တ မြေ့မြေ့ နှိပ်စက်
သက် ဆုံး တိုင်
ဖက် တွယ် နေ တော့ မှာလားကွယ်။