Sunday, March 16, 2014

နှင်းမှ​.....​ဆောင်းသို့ {ခွန်​ထွိုက်​ခမ်း}

အေးမြတဲ့နံနက်ခင်းတွေနဲ့ အတူ 
လှပတဲ့နေဝဆည်းဆာနဲ့ 
လသာတဲ့ညတွေကိုပွေ့ဖက်ပြီး
ငါ့ရင်ခွင်ထဲကို နှင်း ဝင်လာတယ်နော်
ဆောင်းအလယ်မှာ
တရွေ့ရွေ့တိုက်ခတ်လာတဲ့လေရူး တွေကြား
နှင်းဟာ ကျချင်တိုင်းကျ
လှချင်တိုင်း လှပနေခဲ့တော့
ငါမရူးပဲနေနိုင်ပါ့မလား ?
နှင်းကျတဲ့နံနက်တိုင်း 
ငါကြည်နူးခဲ့ရတယ်
 နှင်းလာတဲ့လမ်းမှာငါမျော်ခဲ့ဖူးတယ်
 နှင်းတွေကျတိုင်း ငါပျော်ခဲ့ရတယ်
ဒါဟာ........
ငါ့နှလုံးသားကပေါက်ဖွားလာတဲ့ ဗီဇတစ်ခုပေါ့
မိုးရေကြောင့် ပျက်စီးမှုန်ဝါးသွားတဲ့ 
ငါရဲ့အတိတ်ပန်းချီကား တစ်ချပ်
 နှင်းနုဖွေးဖွေးတွေကြားမှာ
အရောင်တွေစုံ လှပခဲ့တယ် 
ဒါဟာ ဆောင်းပေးတဲ့ ဒုတိယအိပ်မက်လား..?