မစာနာတတ်သူသို့
မင်းရဲ့ဥပေက္ခာပြုမှု့တွေကြောင့်
ငါ့နှလုံးသားအိပ်ပျော်နေခဲ့တာ
ကာလအတန်ကြာရော့ပေါ့
မင်းပေးခဲ့တဲ့ဝေဒနာတွေကြောင့်
အနာတရဖြစ်ခဲ့သောငါ့နှလုံးသား
အနာကျက်လုနီးကာမှ....
မင်းကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
စဲသွားလုနီးကာမှ....
မင်းအတွက်နဲ့ပေါက်ဖွားလာတဲ့
ငါ့ကဗျာတွေ
အဆုံးတတ်လုနီးကာမှ....
မင်း အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
လှုပ်နှိုးရက်တယ်
အနာကျက်လုလုငါ့နှလုံးသားကို
တစ်ခါနာကျင်အောင်
လုပ်ရက်တယ်၊
စဲမယ်လုလုငါ့မျက်ရည်တွေကို
တစ်ခါပြန်ပြီးငိုအောင်လုပ်တယ်၊
အဆုံးသပ်လုငါ့ကဗျာကို
မပြီးဆုံးအောင်မင်းလုပ်တယ်၊
ဘယ်လိုအငြိုးရယ်ကြောင့်များလဲ
မိန်းကလေးရယ်
မနှင်ပါဘဲ ငါ့နှလုံးသားကို
စုန်ကန်ထွက်သွားတယ်
အခုမခေါ်ပါဘဲ
အနာမကျက်သေးတဲ့နှလုံးသားထဲ
အတင်းဝင်ရောက်လာတယ်
မင်းငါ့ကိုအသေသတ်ဖို့အထိတောင် ရည်ရွယ်ထားသလားကွယ်
အစကတည်းက
မင်းအတွက်ဆိုရင်
အရာအားလုံးစတေးပြီးထားပါ
ခုအနေအထားနဲ့
ငါလဲအသက်မဆက်ချင်တော့ပါဘူး
မင်းသဘောကျလုပ်လိုက်ပါတော့
မိန်းကလေးရယ်။
❦ Alkhaeluu ❦