ဒီအချိန်ဆို လွမ်းတွေပိုလို့
နင်ငို နေမလားပဲနော် လွမ်းဒီဇင် ဘာရဲ့
နင်ငို နေမလားပဲနော် လွမ်းဒီဇင် ဘာရဲ့
နှုတ်ဆက်ညမှာ နင့်ပါးပြင် ထက်က
စီးကျမျက် ရည်တွေနဲ့ ငါ့ကိုအမှတ်တရ
နေ့စွဲဖြစ်ခဲ့ပေါ့ ခုလိုဒီဇင် ဘာရဲ့အလွမ်းညမှာ နင် သာငါ့အပါးမှာ
ရှိနေခဲ့ရင် ပခုံးချင်းဖက်
လက်ချင်းယှက်ကာ
နှစ်ယောက်တစ်ကမ္ဘာ
တည် ဆောက်ရှာရော့ပေါ့
ခုတော့လေ..........
နင့်တစ်ယောက်တည်း အ ဝေးကမ္ဘာမှာ
မျောလွင့်ရှာတော့ ငါတစ်ယောက်တည်း
အထီးကျန် ဇာတ်ခုံပေါ်မှာ
အရူးတစ်ယောက်လို ဖြစ်ခဲ့ရ ပေါ့
ချစ်သူရေ..........
အ ဝေးတ နေရာမှ တမ်းတ ဖေါ်အဖြစ်နဲ့
နင့်ရင် ထဲမှာ တစ်ချိန်ကငါ့ရဲ့
ပုံရိပ်ဟောင်းကိုတော့ နင် သိမ်းထားပေးပါနော်
နင် သတိရချိန်မှာ
ငါ့ဆီကိုလှမ်းလာခဲပါ ချစ်သူရယ် ။
ဒီဇင် ဘာနှုတ်ဆက် ညမှာငါ့နင့်အတွက်နင် သတိရချိန်မှာ
ငါ့ဆီကိုလှမ်းလာခဲပါ ချစ်သူရယ် ။
လက်ဆောင် တစ်ခု တော့ချန်ထားတယ်
ပြန်လာချိန်ကို စောင့်ကြိုလျက်ပါ ချစ်သူ