Sunday, March 16, 2014

ဝေးကွာခြင်းသည်​အား...♥ ​ငွေလဝန်း ♡

အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး
နွေးထွေးမှုနဲ့အတူ တစ်ချိန်ချိန်မှာ
ခိုနားမှာပါဆိုတဲ့ အသိစိတ်နဲ့
နင်မျှော်လင့်နိုင်ပါစေ...
ဝေးခဲ့ရပေမဲ့ ခွဲခွာခြင်းဆိုတဲ့
ဝေါဟာရကို မသုံးခဲ့လေတော့
ဆုံတွေ့ချိန်မှာ ပျော်ရွှင်မှုပေါင်း
အပြုံးမျက်နှာနဲ့ ကိုယ့်အပေါ်
နှစ်သိမ့်နိုင်ပါစေကွယ်
သြော်---ချစ်သူရေ
တစ်နယ်စီ ဝေးကွာနေလေတော့
ခေါ်နေပေမဲ့လဲမထူးနိုင်
ငိုနေပေမဲ့လဲ မမြင်ရ
ဘဝပေးကံကြမ္မာရယ်
ကိုယ့်ဘဝကို
အလှဆင်ပေးပါတော့
လားကွယ်

♥ N L W ♥