Sunday, March 16, 2014

ကစားစရာထင်​ပါသလား...

ကစားစရာထင်​ပါသလား

ခဏက​လေးဆိုပြီး ခရီးဝေးထွက်သွားသူ...
အ​ဖော်ဆိုပြီး ထီးတည်းထားခဲ့သူ...
ပျားရည်တစ်စက်နှင့်​ ဝမ်းပျက်စေခဲ့သူ...
တကယ့်တကယ် တွယ်တာသနား လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်​ရုံ မုတ်သုံမဝင်
မုန်တိုင်းဆင်​ဆဲ ဖွဲဖွဲစွေရွာ
ရာသီဆိုးထဲက ယာယီမိုးက​လေးတစ်ခုပါပဲ...။

မောင်​စိန်ဝင်း(ပုတီးကုန်း)