Sunday, March 16, 2014

အ​မေများထံသို့ (အယ်​ခဲလူ)

အ​မေ
အရွယ်လွန်ဇရာထောင်းလာ လို့
စိတ်ပျက်နေတာလား အ​မေ
အမြင်တွေမှုန်ဝါး
အ ရောင် တွေမသဲကွဲတာ ကြောင့်
အားငယ်နေတာလား အ​မေ
ကြားရတဲ့အသံတွေ
မရှင်းလင်းတာကြောင့်
စိတ်တိုင်းမကျ ဖြစ်နေ ရော့လား အ​မေ
ဆံဖြူနားထိုင်း ခါးကိုင်းသွား ကြွေ
သဘာဝဖိအားတွေကြောင့်
လောကကြီးကို စိတ်နာနေမိ ပြီလား အ​မေ

အ​မေရယ်
မလွန်ဆန်နိုင် သဘာဝရယ်မို့
တရားနှင့်သာ ဖြေပါ အ​မေ
သားအတွက်တော့ အ​မေ ရယ်.......
အရွယ်လွန် ဇရာထောင်းလာတယ်လို့
သဘာဝတရားက ဘယ်လိုပဲ ပြော ပြော
အ​မေ ဟာနုပျိုနေဆဲပါ
အ​မေ့ရဲ့အသံတွေ ဘယ်လိုပဲ
တုန် ရီနေတယ် ပြော ပြော
သားအတွက်တော့ အချိုသာဆုံးတေးတစ်ပုဒ်ပါ
ကမ္ဘာကြီးအတွက် လူသားအားလုံးအတွက်
နေရယ် လရယ်ဟာ မရှိမဖြစ်လိုအပ်သလို
သားအတွက်တော့ နေရယ်လရယ်မလိုဘူး အ​မေ
အ​မေ့ ကိုသာအလိုရှိဆုံးပါ
အ​မေ သည်သာ သားဘဝ
သားကမ္ဘာ သားရဲ့မှီခိုရာပါ
ဘယ်အရိပ်တွေ ဘယ်လိုပဲ
အေးမြတယ် ပြော ပြော
အ​မေ့ အေးရိပ်လောက်
မ အေး မြနိုင်ပါးဘူး အ​မေရယ်
သားဘဝအတွက် မှီခိုရာအစစ်
ဖြစ်တဲ့မွေး ​မေ​မေ
သားရှိခိုးဦးချရာ တစ်ခုအ နေနဲ့
အသက်ရှည် ရှည်နေ ပေးပါ

အ​မေ .....