Sunday, March 16, 2014

မျှော်လင့်နေမိသူ

မျှော်လင့်နေမိသူ

မင်းပြောလာမလား ငါမျှော်နေမိသူပါ
မင်းရင်ဖွင့်လာမလား နားစွင့်နေသူပါ
မင်းစကားသံလေး
ငါ့ရင်မှာသိမ်းဆည်းထားဆဲပါ
ဟန်ဆောင်ကာ အပြုံးတစ်ပွင့်နဲ့
မင်းမျိုသိပ်မထားပါနဲ့ကွယ်
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရသူပါ
မင်းရှိမှပြည့်စုံမှာမို့
တမ်းတမှုတွေ လွမ်းဆွေးမှုတွေ
မင်းပေးတဲ့ပန်းတစ်ပွင့်နဲ့နမ်းရှိုက်ရင်း
မျှော်လင့်နေမိသူပါ
မင်းရောင်ပြန်ဟပ် လာမဲ့နေ့တစ်နေ့ကို
မျှော်လင့်ရင်းနဲ့ ပျော်နေမိသူပါ

❦ N.L.W ❦