Sunday, March 16, 2014

“ပထမပန်းတိုင်”

“ပထမပန်းတိုင်”

နှစ်ယောက်..လက်တွဲလို့ ဘ၀ရဲ့…နက်နဲတဲ့ပုစ္ဆာတွေကိုအ​ဖြေရှာ…. ပြဿနာတိုင်းကိုကိုယ်ချင်းစာစိတ်နဲ့​ဖြေရှင်း အတူတူ ချီတက်ခဲ့တာတစ်နှစ် တင်းတင်းပြည့်ပြီ…….
နားလည်မှုတွေ တည်ဆောက်လို့ အကျိုးအပြစ်တွေကို စစ်ဆေး တစ်ယောက်ကိုယ် တစ်ယောက် နာကျင်စရာတွေမ​ပေး
ရန်မဖြစ်ကြေးနော်…..
ရှေ့ဆက်မယ့်လမ်းမှာ ဘယ်လောက်ကြမ်းကြမ်း
အတူဖြတ်ကျော်ဖို့ ကြိုးပမ်းစို့
ချွေးစက်တွေနဲ့ ရင်းနှီး
ကိုယ်ပိုင် နန်းတော်ကြီးတည်ဆောက်မယ် တစ်​​လောကလုံးနဲ့တစ်ယောက်
ဘယ်လိုပဲ ဒုက္ခရောက်နေပါစေ…
လက်ချင်းခိုင်​ခိုင်​တွဲ ရင်​ဆိုင်​တိုက်​ပွဲ… ဆင်နွှဲကြမယ်
ရှေ့လာမယ့်ရတုအဆက်ဆက်
ပျော်ရွှင်​စွာကျော်ဖြတ်ကြစို့
သား..မြေး..မြစ်တွေနဲ့ဆံဖြူသွားကျိုး အဘိုးအဘွားတွေဖြစ်ချိန်အထိ
အပြစ်မမြင်..ချစ်ချစ်ခင်​ခင်ပေါ့
အဲ့ဒီအချိန်
နှစ်ယောက်ထဲရှိချိန်ကြရင်လေ… ဟိုသီချင်းထဲကလို… စပယ်ပန်းတွေ ပန်ထားတဲ့မင်းက… အဘိုးကြီးငါ့ကို….. မောင်လို့ခေါ်ပါအုံးပေါ့နော့်​….
ရှင်​မရယ်……..။

(မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ) လေးညှို့ရှင်