Sunday, March 16, 2014

အချစ်သုတေသန

အချစ်သုတေသန

နေမဝင် အင်​ပါယာကြီးတစ်ခုအ​ပေါ် အချစ်ငှက်တစ်​​ကောင်အ​တောင်​ပံဖြန့်ပြီး အုပ်မိုးလိုက်တဲ့အခါ........
အဲ့ဒီ နေမဝင်​အင်​ပါယာတစ်ခုလုံး
နေ​ရောင်ခြည် ဆိတ်သုဉ်းသွားလိမ့်မယ် ။
( အချစ်ဟာ.. တန်ခိုးရှင် ) ။

အချစ်ဟာအ​တောင်​ပံဖြန့်ကားပြီး
ကမ္ဘာတစ်ခွင်​လုံးကို သိမ်းပိုက်ထားတတ်ပါသေးတယ် ။
( အချစ်ဟာ .. စွမ်းအားရှင် )

အချစ်ကိုတားလို့မရ
အချစ်ကိုပိတ်ပင်​လို့မရ
အချစ်ကိုဆုပ်ကိုင်​လို့မရ
အချစ်ဟာ ရုန်းထ​နေတဲ့( သူရဲကောင်း ) မြူကြွ​နေတဲ့ ( အောင်​လံ​တော် ) ။

အချစ်ဟာ.. စကြဝဠာတစ်ခွင်​လုံးရဲ့
ရင်​နစ်​သည်းချာ ပင်​လယ်ပြာပြာတို့ရဲ့ မိုးကုတ်စက်ဝိုင်း ချစ်သူတို့ရဲ့
မဟာတံတိုင်း ..။
သံယောဇဉ်တို့ရဲ့ အကိုင်းအခက်
အသီး အပွင့် အငုံအဖူး
( နှလုံးသားအားလုံးရဲ့ တမန်တော် ) ။

ဒီလိုပါပဲ
ငိုရှိုက်ခဲ့ကြရတဲ့ မျက်​ရည်တွေ
ကြေမွခဲ့ကြရတဲ့ အသည်းနှလုံးတွေအတွက်တော့
အချစ်ဟာ(အပြစ်အရှိဆုံး တရားခံ)။ ။

မောင်​လှမျိုး