သေရှာသွားပါပြီ
ပြတင်းတစ်ခုရဲ့
ခန်းစည်းစကိုရှပ်တိုက်
အမှတ်မထင်ခိုဝင်လာသောလေညင်းလေး
ရုတ်တရက်အငိုက်မိသွားတဲ့ ငါ့နှလုံးသား
ရင်ခုန်နှုန်းတောင် ရပ်တန့်သွားသလားပဲ
လက်ခနဲ့ ပွင့်ထွက်လာသော သူ့အပြုံး
ငါ့ ကမ္ဘာသစ်တစ်ခုဆီများ
မျောလွင့်သွားသလားပဲ
ကြည်နူးခြင်းတစ်လှည့်
ဝမ်းနည်းခြင်းတစ်လှည့်
ဒွိဟဖြစ်နေတဲ့ခံစားမှု
သူ့အလှ..သူ့အကြောင်းများ စိုးမိုးနေ
ဒီဖြစ်စုံကိုပေါင်းစု အဖြေထုတ်တော့
သေရှာပါပြီ.......
ငါသူ့ကို ချစ်မိသွားပြီဆိုတာပါပဲ။
❦ Alkhaeluu❦